မြို(ခမိ)လူမျိုးတို့၏ သိကောင်းစရာ (6)
Mg Ogga / December 6, 2014
မြို လူမျိုးဟု အမည်တွင်လာမည့် လူစုကို မင်းကြီး၏ သားတော် ခေါ်စာပတိ ဉီးဆောင်ကာ မြောက်ဘက်အာသံပြည်သို့ ခိုလုံရန်ထွက်ပြေး လာခဲ့ကြသည် ၄င်းအာသံပြည်၌ နေစဉ်အတွင်း မိမိတို့လူစု မပြိုကွဲစေရန်နှင့် သဘာဝဘေးအန္တရာယ် သားရဲတိစ္ဆာန်များ၏ ရန်မှကာကွယ်ရန်အလိုငှါ ခြံစည်းရိုး(၇)ထပ်ကာရံပြီး နေထိုင်ခဲကြလေသည် မင်းသားခေါ် စာပတိသည် မိမိ၏နောက်လိုက် အပေါင်းအပါများ စားဝတ်နေရေး ခက်ခဲ့လာသည်ကတကြောင်း အာသံပြည်တွင်ဆက်လက် နေထိုင်ခွင့်မရတော့၍ လည်းကောင်း မိမိ၏လူစုများကို ရေကြည်ရာ မြက်နုရာဒေသသို့ ထွက်ခွါ သွားလာခွင့်ပြုခဲ့ရလေသည် ဤသည်ကို ခြံစည်းရိုးအတွင်းမှ ထွက်ခွါပြီး အိုးသစ်အိမ်သစ် ထူထောင်ခြင်းဟု သတ်မှတ်ခဲ့ကြလေသည်
လူစုခွဲ၍ အိုးသစ်အိမ်သစ် ထူထောင်ရန်လာကြသော လူအများစုမှာအချို့က ကုလားတန်မြစ်ဖျား ဒေသမှ အခြေစိုက်နေထိုင်ခဲ့ပြီး ယင်းမှမြစိရိုးအတိုင်း စုန်ဆင်းလာကြသည် အချို့မှုကား အာသံပြည်တောင်ဘက်သို့ အနည်းငယ်ဆင်းလာပြီး ကလတ်ချောင်းမှ ဝင်ရောက်လာကြလေသည် အချို့မှာ ဉဿလင်းချောင်းမှ ဝင်ရောက်လာကြသည် အချို့က ချောင်လက်ချောင်း အတိုင်းစုန်ဝင်လာကြသည် အချို့မှာ ပလက်ဝနှင့်မတူပီ နယ်စပ်ရှိ ခန်းလုံးတောင်သို့ ရောက်လာပြီး ဆမီးချောင်း မီးချောင်း ရန်ချောင်းနှင့် သရီချောင်း အတိုင်း စုန်ဆင်းလာကြသည် ထိုဒေသတွင် များစွာပြားများနေထိုင်ခဲ့ကြသည် ထိုသို့ကူလားတန်မြစ်နှင့် ပျံ့နံနေထိုင်ခဲ့ရာ၌ မြစ်ကမ်တစ်လျောက်ဖြစ်သော ပလက်ဝမြို့နယ် စက်ပြတ်ပြင် ထက်ဝန်းကျင် ချင်းလက်ဝ ဉဿလင်း လက်ချောင်း အထက်ဘလိုင် စသည့်ဒေသ တစ်ဝိုက်တွင်လည်းကောင်း ဉဿလင်းချောင်း ဝကိတူသောင် အောက်ဘလိုင် ကူဝဒေသမျာသို့ ပျံ့နံနေထိုင်ခံ့ကြလေသည်
မြို လူမျိုးများသည် ပလက်ဝမြို့နယ်သို့ အစောဆုံးရောက်ရှိ အခြေချနေထိုင်ခဲ့ကြလေသည် မြိုမျိုးနွယ်စုများသည် ပလက်ဝမြို့နယ်သို့ အခြေပြုပျံ့နံနေထိုင်စဉ် မင်းသားခေါ်စာပတိသည် ဟုန်လော်အမည်ရှိ အမျိုးသမီးနှင့် ဆက်လက်ထိမ်းမြှားပြီး အထက်ဘလိုင်ဒေသတွင် မင်းအဖြစ်စိုးစံခဲလေသည် သို့ရာတွင်အထက်ဘလိုင်ဒေသ၌ မည်မျှကြာအောင် အခြေချနေထိုင်ခဲ့သည်ကိုမှု မသိရှိနိုင်ချေ မြို သင်းကြီအောင်လာသည် မီးဝအောက်ဒေသ တစ်ခုတွင် အခြေချနေထိုင်ပြီး မာရာယု မင်းသားအား ကောက်ယူမွေးစားနိုင်ခဲ့ခြင်း ထောက်လျင်ပလက်ဝဒေသမှ ကုလားတန်မြစ်အောက်ဘက်သို့ စုန်ဆင်းအခြေချ နေထိုင်ခဲ့ကြပြီး ဟုယူဆနိုင်ပါသည်
ကိုးကားချက် လှထွန်းဖြူ ရခိုင်ပြည်နယ်ရှိ လူမျိုးစု စာ-၂ရ ယင်း စာ၂ရ တိုင်းရင်းရိုးရာ ဓလေ့ထုံးစဉ်များ (ချင်း)စာ-၆ရ မောင်မောင်တူ မြိုလူမျိုးစုလက်ရေးမူ ပလက်ဝမြို့နယ် နိုင်ငံရေးသမိုင်း မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ၂၉၇၆ စာ-၁၀ လှထွန်းဖြူ ရခိုင်ပြည်နယ်ရှိ လူမျိုးစု စာ-၂၈
ရခိုင်ရာဇဝင်တို့၏ဖော်ပြချက်အရ မာရာယုမင်းသားသည် ပထမဓညဝီကို ဘီစီ ၃၃၂၅ ခန့်က တည်ထောင်ခဲ့သည်ကို ထောက်လျင် မြို လူမျိုများသည် မြန်မာနိုင်ငံအတွင်းသို့ စတင်ဝင်ရောက်ခဲ့သည့် ကာလမှာ ဘီစီ ၄၀၀၀ မှ ၃၅၀၀ အတွင်း ဖြစ်နိုင်ဖွယ်ရှိပါသည် ပလက်ဝမြို့နယ်အတွင်းမှ ကုလားတန်မြစ်ရိုးအတိုင်း အောက်ဘက်သို့ စုန်ဆင်းရခြင်းသည် နောက်ပိုင်းမှအခြားသောလူမျိုးများ တိုးဝင်လာမှုကြောင့်လည်းကောင်း စစ်မက်ပြု၍ နယ်ချဲတိုးဝင်လာမှုကြောင်းလည်းကောင်း ရေကြည်ရာ မြက်နုရာ ဖြစ်သည့် မြေညီရာပြန့်ဖြိုးသော ဒေသများသို့ တိုးချဲ့အခြေစိုက်လိုသည့် အတွက်ကြောင့် လည်းကောင်း ဖြစ်နိုင်ပါသည်
မတူပီမြို့နယ် ခန်းလုံးတောင်ဒေသမှ စဖွေတောင်တန်း ကယက်တောင်းတန်း ဒေသများနှင့် ဆမီချောင်း မီးချောင်ဒေသမျာသို့ စုန်ဆင်းနေထိုင်သူများသည် နောက်ပိုင်းမှတိုးဝင်လာသည့် လူမျိုးနွယ်စုများကို အတော်အတန်ခုခံ နိုင်ဟန်ရှိပါသည် ထိုဒေသများ၌ နှစ်ရှည်ကြာစွာ အခြေချ နေခဲ့ဟန်တူပါသည် ယကက်တောင်စခန်းတွင် မြို မင်းကြီး ခုနောန်တိန်းသည် မြိုရွာတည်ထောင်ကာ ခြံစည်းရိုး(ရ)ထပ်ဖြင့် အခိုင်မာထီးနန်းစိုက်ခဲ့ကြောင်း မြို မင်းကြီး ခုနောန်တိန်း တွင် ပါစိန် ပါငန် ဟူသော သားနှစ်ပါးရှိပြီး ကျောက်ပန်းတောင် အနီးပတ်ဝန်းကျင် တစ်ဝိုက်တွင် မြို့ရွာတည်ထောင်ခဲ့ကြောင်း မြို ရှေ့လူကြီးသူမတို့ အစဉ်လာပြောစကားအရ သိရပါသည်
မြိုမင်းကြီး ခုနောန်တိန်သည် ရခိုင်ရာဇဝင်များ၌ မြိုမင်းကြီး ငတိန်ကာ (ငတိန်)ဟူ၍ဖော်ပြကြပါသည် ရခိုင်ရာဇဝင်လာ ငတိန်၏သားတော် ငန်တန်သည် သက်ရှင်ဘုရင် ဝရသိဒ္ဓိ၏ သမီးတော် က္ကုန္ဒမာလာကို ခိုးယူပြီး ထွက်ပြေးခဲ့ကြောင်း ၄င်းတို့မှ မွေးဖွားလာသော ငန်ဆန္ဒန် ပလက်ကောက် ပက္ကစီ ငရက္ခိုက် ညီအစ်ကိုတို့သည် အစိမ်စားကြ၍ ဝေသာလီအား နှောက်ယှက်သဖြင့် မာရယုမင်းသည် ဉီးရီးတော်များဖြစ်သည့် ထိုရန်ကို နိုင်နှင်းခဲ့ရကြောင်း ဖော်ပြပါရှိပါသည်
စာတန်း၏အထက်တစ်နေရာတွင် ရှေးကမဇ္ဇိုမသားတို့သည် မြို လူမျိုးများကို မျောက်လူမျိုးဟူ၍ ခေါ်ဝေါ်ခဲ့ကြောင်းသိရှိနိုင်ပါသည်
မျောက်နှင့်ပတ်သက်သည့် အရေးအသားများကို ရခိုင်ရာဇဝင်ကျမ်တို့၌ ဖော်ပြခြင်းရှိ/ မရှိ လေ့လာကြည့်သောအခါ အောက်ပါကောက်နုတ်ချက်ကိုတွေ့ရပါသည် ထိုအခါ ဟိမဝန္တာတောင်ဝယ် မျောက်ဖိုနှင့် ဆက်မ ကျင်လည်ကြ၍ နေထိုင်ကြစဉ်တွင် လေမုန်တိုင်းထန်လျက် မိုးသည်းထန်စွာ ရွာသည်ရှိသော် မှီခိုနေကြသော ပညောင်ပင် သဖန်းပင်တို့သည် လဲ၍ ရေထဲသို့ကျပြီးလျင် ကစ္ဆပနဒီမြစ်ညာမှ အစဉ်အတိုင်း မျောလာသည်ရှိသော် သေလာဂီရိအမည်ရှိသော ကျောက်တော်တောင်ခြေ ရင်းဝယ် တင်လေ၏ ထိုအခါမျောက်ဖိုနှင့်ဆက်မသည် တောသို့ဝင်၍ မွေးဖွာလေ၏ ထိုသားသမီးတို့တွင် အချို့ကားဘီလူး ဖြစ်သတည်း
အထက်ပါဖော်ပြချက်၌ မျောက်ဖိုအပြင် ဆက်မ ဟူ၍လည်း ပါလာပါသည် မျောက်ဖိုနှင့် ဆက်မ တို့ ဆက်နွယ်ပတ်သက်မှုအရ ငဆန်န္ဒန် ဘီလူးဖြစ်လာသည်
ကိုးကားချက် အခြေပြုမြန်မာနိုင်ငံရေး ဘီစီ ၂၆၆၆ ခန့်ဟုဖော်ပြသည် မောင်မောင်တူမြိုလူမျိုးစု လက်ရေးမူ ညဏ ဓညဝတီသစ်ဟု ဖော်ပြပါမည်
ဓညဝတီအောင်ဇေယျ (မြောက်ဉီး)ရက္ခပူရ ကြေးမူကျမ်း စာ၄၆
ထိုဘီလူရန်ကြောင့် ဝေသာလီပြည်ရှင် ဗြဟ္မဒ္ဓိ နတ်ရွာလားရသည့် အကြောင်း ရာဇဝင်အမှတ်အသားများ ရှိပါသည် ဆက်မ ဟူသောဝေါဟာရ၏ ရှင်းတန်းကိုရှာကြည့်သောအခါ သကျသာကီဝံသကို အိန္ဒိယသံဖတ်လျင် ဆက်သယ ဆာကိဝံသ် ဟု အသံထွက်သည် သကျ ကို သက်လူမျိုးတို့၏ အခေါ်အားဖြင့် ဆက်ကယ ဟုပြောဆိုကြလေသောကြောင့် ငါတို့ကား ဆက်လူမျိုး ဟူ၍၄င်း သက်လူမျိုးဟူ၍၄င်း ခေါ်ရိုးခေါ်စဉ်ရှိကြ၏ ဟူ၍တွေ့ရပါသည် တဖန် သကျ ဟူသောစကားမှာ မြန်မာအသံဖြစ်၍ အိန္ဒိယအသံနှင့်ဖတ်လျင် (ဆကျ)ဟူ၍ဖတ်ရပါသည် ဆကျ မှ ဆက်ခြစ်လာ၍ ရခိုင်အသံနှင့် ဆက် ဟူ၍ အသံအနည်းငယ်ရွေးလျားလာခဲ့ပါသည် ယင်းကြောင်းလည်း က္ကန္ဒမာယုကို ဆက်ဟုပြောရခြင်းဖြစ်ပါသည် တိရစ္ဆန်မဟုတ်ပါဟူ၍လည်း တွေ့ရပါသည် အထက်ပါဖော်ပြချက်အရ မျောက်ဖိုသည် မြို အမျိုးသားဖြစ်လာ၍ ဆက်မသည် သက် အမျိုးသမီး ဖြစ်လာပါသည်
No comments:
Post a Comment